လုပ်ငန်းစဉ်များ 1
လုပ်ငန်းစဉ်များ 2
လုပ်ငန်းစဉ်များ 3
လုပ်ငန်းစဉ်များ 4
လုပ်ငန်းစဉ်များ 5
လုပ်ငန်းစဉ်များ 6
လုပ်ငန်းစဉ်များ 7
လုပ်ငန်းစဉ်များ 1
လုပ်ငန်းစဉ်(၁) သင်ရိုးညွှန်းတမ်းတစ်ခု ဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ်ချက်များ အပေါ်တွင် လေ့လာအကဲဖြတ်ခြင်း

ဉရောပနှင့်အာရှတွင် လက်ရှိပို့ချနေသော နိုင်ငံတစ်ကာ ရွှေ့ပြောင်းဒုက္ခသည် များဆိုင်ရာဉပဒေ၊ လူ့အခွင်အရေးကာကွယ်ပေးမှုဆိုင်ရာ နိုင်ငံတစ်ကာ ဉပဒေ မူဘောင်များ၊ ပင်လယ်ရေကြောင်းဉပဒေနှင့် ၎င်းနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်း သွားလာသူများဆိုင်ရာ ဉပဒေ၊ ဉပဒေ ကုစားမှု နှင့် ဆွေးနွေးတိုင်ပင်ခြင်း ဆိုင်ရာသင်တန်း ပေးခြင်းစသည့် အလားတူ နယ်ပယ်များကို သေချာစွာ စုံစမ်း မေးမြန်းခြင်း ၊သုတေသန ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ရန်ဖြစ်ပါသည်။

ထို့အပြင် ၂၁ ရာစု၏စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်မည့် အရည်အသွေးများ မြင်မား လာစေရန် သင်ကြားရေး ဆရာ/ဆရာမများ လိုအပ်ချက်ကို စုံစမ်းစစ်ဆေးရန် လည်းဖြစ်ပါသည်။
အဆိုပါသေးစိတ် ဝေဖန်လေ့လာခြင်းကို ကနဉီး ပရောဂျက်အဆိုပြုလွှာတွင် (ပရောဂျက် ဉီးစီးဆောင်ရွက်သူနှင့် အခြားသော မိတ်ဖက်တက္ကသိုလ် များနှင့် ချိတ်ဆက်၍ မေးခွန်းများဖြင့်ပြင်ဆင်မေးမြန်ခြင်းဖြင့်) ပြင်ဆင်ခဲ့ သော်လည်း၊ အဆိုပါ ဆောင်ရွက်ချက်များသည် လက်ရှိလုပ်ဆောင်ချက်များနှင့် ကိုက်ညီ၍ အကျိုး သက်ရောက်မှု ရှိစေရန်မှာ အလွန်အရေးကြီးပါသည်။

လုပ်ဆောင်ချက်များ

လုပ်ဆောင်ချက်(၁) (က) အာရှတွင် လက်ရှိပို့ချနေသောသင်ရိုးညွှန်းတမ်းများကို ဆန်းစစ်ခြင်း

(ခ)ဉရောပတွင် လက်ရှိပို့ချနေသောသင်ရိုးညွှန်းတမ်းများနှင့် ၎င်းတို့၏ ကောင်းမွန်သော ကျင့်သုံးမှုများကို စမ်းစစ်ခြင်း

(ဂ) တစ်သက်တာ လေ့လာသင်ယူခြင်း (LLL courses) အတွက် ပြင်ဆင်ခြင်း

(ဃ) Forced Migration and Democracy and on ILFM VLE ဆိုင်ရာ ဗဟုသုတ ဖြန့်ဝေရေးဌာန တည်ထောင်ခြင်းဆိုင်ရာ အချက်အလက်များ တင်ပြခြင်း

(င) အမှတ်ပေးအကဲဖြတ်ခြင်းဆိုင်ရာ စံနှုန်း လမ်းညွှန်များ အပါအဝင် အပြည်အပြည်ဆိုင်ရာ ဥပဒေနှင့် အဓမ္မ ရွှေ့ပြောင်းမှု ဆိုင်ရာ လေ့လာမှု မဟာဥပဒေ ဘွဲ့သင်တန်း အသစ်တစ်ခု ဖန်တီးနိုင်ရန်အစီရင်ခံတင်ပြခြင်း
လုပ်ငန်းစဉ်များ 2

လုပ်ငန်းစဉ်(၂) အပြည်အပြည်ဆိုင်ရာ ဥပဒေနှင့် အဓမ္မရွှေ့ပြောင်းမှုဆိုင်ရာ လေ့လာမှု မဟာဥပဒေ ဘွဲ့သင်တန်းအသစ် တစ်ခု ပေါ်ပေါက်လာစေရေး

လုပ်ငန်းစဉ်(၂)၏ အဓိကရည်ရွယ်ချက်မှာ အပြည်အပြည်ဆိုင်ရာ ဥပဒေနှင့် အဓမ္မရွှေ့ပြောင်းမှုဆိုင်ရာ လေ့လာမှု မဟာဥပဒေဘွဲ့သင်တန်းနှင့်ပတ်သက်၍ အရေးကြီးသော သင်တန်းများအပါအဝင် အဓိကသင်ခန်းစာများ၊ the ILFM Knowledge Centers and ILFM VLE တစ်ခု တည်ထောင်နိုင်ရန် ရည်ရွယ် ထားပါသည်။

ပညာရပ်နယ်ပယ်များနှင့်ပညာရပ်နယ်ပယ်မှမဟုတ်သည့် ပုဂ္ဂုလ်များ၏ လိုအပ် ချက်များ၊ စမ်းစစ်လွှာများ၏ ရလာဒ်များအပေါ်တွင် အခြေခံ၍ သင်ရိုးညွှန်းတမ်း အသေးစိတ်သတ်မှတ်၍ မဟာဥပဒေဘွဲ့ သင်တန်းသစ် တစ်ခုကို စတင်မည် ဖြစ်ပါသည်။

ထို့နောက် ဒေသတွင်း လိုအပ်ချက်များ အာရှပညာရှင်များနှင်ကိုက်ညီမည့် လက်ရှိ ပို့ချနေသာ သင်ရိုး ညွှန်းတမ်းများကို ပြုပြင်၍သော်လည်းကောင်း၊ အသစ်တစ်ခု အနေဖြင့်သော်လည်းကောင်း EU မိတ်ဖက် တက္ကသိုလ်များမှ အဆိုပါ သင်ရိုးညွှန်းတမ်း တစ်ခုကိုစတင်ဖော်ဆောင်မည််ဖြစ်ပါသည်။

မဟာဥပဒေဘွဲသင်ရိုးညွှန်းတမ်းသည် ဒေသတွင်းအသုံးပြုမှုနှင့် ဝန်ဆောင်မှု လိုအပ်ချက်နှင့် ကိုက်ညီစေမည် ဖြစ်ပါသည်။

မဟာဥပဒေဘွဲ့အစီအစဉ်နှင့် စာတမ်းများကို အာရှမိတ်ဖက်တက္ကသိုလ်များမှ ပညာရှင်များ ၏ အကြံပြုချက် များနှင့်အတူ EU အာရှမိတ်ဖက်တက္ကသိုလ်များမှ ပညာရှင်များ ၏အတွေ့အကြုံများပေါ်တွင် အခြေခံ၍ မဟာဥပဒေဘွဲ့ အစီအစဉ်နှင့် စာတမ်းများကို ဖော်ဆောင်သွားမည် ဖြစ်ပါသည်။

ဒုတိယအဆင့်အနေဖြင့် အာရှမိတ်ဖက်တက္ကသိုလ်တစ်ခုချင်းစီ၏ သီးသန့်လိုအပ် ချက်များကို ထည့်သွင်းရွေးချယ် သွားမည် ဖြစ်ပါသည်။

အဓိကသင်ခန်းစာ(core courses) များကို တူညီစွာထည့်သွင်း၍ အခြား ရွေးချယ်ခွင့်ရှိသည့် သင်ခန်းစာ(elective courses)များမှာ ကွဲလွဲသွားမည်  ဖြစ်ပါသည်။

လုပ်ဆောင်ချက်များ

လုပ်ဆောင်ချက်(၂)(က)သင်ရိုးညွှန်းတမ်းတစ်ခု ဖွဲ့ဖြိုးတိုးတက်လာစေရေးအတွက် ဉရောပသို့ သွားရောက်လေ့လာခြင်း

(ခ) ILFM online VLE တစ်ခု ပေါ်ပေါက်လာစေရန်

(ဂ)(၁) သင်ကြားရေးနည်းလမ်းများ ဖော်ပြပေးရန်

ဂ)(၂) အပြည်အပြည်ဆိုင်ရာ ဥပဒေနှင့် အဓမ္မ ရွှေ့ပြောင်းမှု ဆိုင်ရာ လေ့လာမှု   မဟာဥပဒေဘွဲ့သင်တန်းနှင့်ပတ်သက်၍ အချက် အလက်များ ဖန်တီးခြင်း

(ဂ) (၃) သင်ကြားရေးလမ်းညွှန်

(ဃ) Knowledge Centers on Forced Migration and Democracy တစ်ခုပေါ်ပေါက်လာစေရန်

လုပ်ငန်းစဉ်များ 3

လုပ်ငန်းစဉ်(၃) သင်ကြားရေးဆရာ/ဆရာမမများ၏ အရည်အသွေးမြှင့်တင်ခြင်း

ဉရောပ ပညာရေးအဖွဲ့ နှင့်၎င်းတို့၏ အာရှ အဖွဲ့များတူညီသည့် ပြသနာ ရပ်များအပေါ်တွင် ဆန်းသစ်သော ဖြေရှင်းချက်များကို ထောက်ပံ့ပေးသွားရန်၊

ဤလုပ်ငန်းစဉ်တွင် ပါဝင်မည့်သင်တန်းများ၌ သင်ခန်းစာနှင့်ပတ်သက်သည့် အကျဉ်းချုပ်တင်ပြချက် များထည့် သွင်းဆောင်ရွက်မည်ဖြစ်ပါသည်။

အသေးစိတ်အနေဖြင့် အဓိကအချက်များထဲမှ တစ်ခုအနေဖြင့် ဤ ILFM ပရောဂျက်တွင် သင်ကြားရေးဆရာ/ဆရာများ၏ပညာရေး မြှင်တင်ပေးခြင်ဖြင့် အာရှ မိတ်ဖက်တက္ကသိုလ်များ၏ အရည်အသွေး ကိုမြှင်တင် ပေးနိုင်မည် ဖြစ်သည်။

အဆင်မြင့်ပညာရေး အဖွဲ့အစည်းများ၏ပညာရပ် ဖွဲ့ဖြိုးတိုးတက် လာစေရေး အတွက် အခွင့်အလမ်းများမှာ ကန်သတ်ချက်များ ရှိနေတတ် သည့်အတွက် ဤ ILFM ပရောဂျက်မှ တစ်ဆင့် ပါမောက္ခ ဆရာ/ဆရာမများကို အခြား တက္ကသိုလ် များရှိ ပါမောက္ခ ဆရာ/ဆရာမများနှင့်တွေ့ဆုံနိုင်စေမည့် အခွင်ကအလမ်းများ ဖော်ဆောင် သွားမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာနယ်ပယ်တွင် အတူတစ်ကွလုပ်ဆောင်ခြင်းဖြင့် ပါမောက္ခ ဆရာ/ဆရာမများသည် ၎င်းတို့ နယ်ပယ်၌ အတွေးအခေါ်သစ်များ မတူညီသည့် ရှုထောင်များမှနေ၍ တင်ပြသွားနိုင်မည်ဖြစ်သည်။

ဤလုပ်ငန်းစဉ်တွင် ဉရောပနိုင်ငံများမှ ပညာရှင်များနှင့် အတူတစ်ကွ လုပ်ဆောင်စေခြင်ဖြင့် ၎င်းတို့၏ အရည်အသွေးများ၊ အသိပညာဗဟုသုတများကို မြှင်တင်စေနိုင်ခြင်း၊ ၎င်းတို့၏ သက်ဆိုင်ရာတက္ကသိုလ်များတွင် မဟာဥပဒေ ဘွဲ့ အစီအစဉ် သစ်တစ်ခုကို သင်ကြားရေးနည်းလမ်းသစ်များဖြင့် သင်ကြားပို့ချ လာနိင် စေခြင်း၊ အပြည်အပြည်ဆိုင်ရာ ဥပဒေနှင့် အဓမ္မရွှေ့ပြောင်းမှု ဆိုင်ရာ ပြသနာရပ် ပေါ်တွင် ပိုမိုပြည့်စုံသော အသိပညာ များတိုးတက်လာ နိုင်စေခြင်းများ ရရှိစေ နိုင်မည်ဖြစ်ပါသည်။

လုပ်ဆောင်ချက်များ

လုပ်ဆောင်ချက်(၃)(က) တစ်သက်တာသင်ယူရေး (LLL courses) သင်ရိုးညွှန်တမ်း များ အတွက် လေ့ကျင့်ပေးရေး အစီအစဉ်

(ခ) ထပ်ဆင့်လေ့ကျင့်သင်ကြားပေးရေး အစီအစဉ်

(ဂ)အာရှမိတ်ဖက်တက္ကသိုလ်များသင်ကြားရေးဆရာ/ဆရာများ၏ အရည်အသွေးမြှင်တင်  ပေးရေး

လုပ်ငန်းစဉ်များ 4

လုပ်ငန်းစဉ်(၄) အကဲဖြတ်အမှတ်ပေးခြင်းနှင့် သင်ခန်းစာများပေးအပ်ခြင်း

ဤလုပ်ငန်းစဉ်(၄)တွင်အဆိုပါ သင်ရိုးညွှန်တမ်းကို အာရှမိတ်ဖက်တက္ကသိုလ် များသင်ကြား ပို့ချမည်ဖြစ်သည့်အတွက် ပရောဂျက်တွင်ကနဉီး ဆောင်ရွက် ချက်များ၊ ပို့ချချက်များကို အစမ်းသဘော ဖြင့်ထည့်သွင်းမည်ဖြစ်သည်။

ပို့ချချက်မတိုင်မီ လိုအပ်သည့် အဆင့်တစ်ခုမှာ အိန္ဒိယ၊ မလေးရှားနှင့် မြန်မာ နိုင်ငံတို့တွင် မဟာဥပဒေဘွဲ့သင်တန်းအတွက်အောင်မြင်သည့် အကဲဖြတ်အမှတ် ပေးခြင်းမျိုးရရှိရန် လိုအပ်ပါသည်။

ဤလုပ်ငန်းစဉ်(၄)တွင် မဟာဥပဒေဘွဲ့သင်တန်းအသစ်တစ်ခုပေါ်ထွက်လာစေရန် လိုအပ်မည့် လုပ်ဆောင် ချက်များကို ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါလုပ်ဆောင်ချက်များတွင် လေ့ကျင်သင်ကြားပေးရေး အတွက် လိုအပ်ချက် များ (အတန်းသား၊ အမှုများကိုလေ့ လာခြင်း၊ အဝေးရောက် သင်တန်းပို့ချခြင်း) များပြင်ဆင် ခြင်းနှင့် ထပ်ဆင့်သင်ကြားပေးခြင်း(replication training)  ဆိုင်ရာ ဆောင်ရွက်ချက် များပါဝင်မည်ဖြစ်သည်။

ဤလုပ်ငန်းစဉ်မှတစ်ဆင့် မဟာဥပဒေဘွဲ့သင်တန်းတစ်ခု တည်ဆောက်နိုင်ရန် နည်းလမ်းတစ်ကျ လုပ်ထုံး လုပ်နည်းများနှင့် လိုအပ်သည့် လုပ်ဆောင်ချက်များကို ဆောင်ရွက် သွားမည်ဖြစ်သည်။

ပြင်ဆင်ထားသော သင်ရိုးညွှန်တမ်းများကို ပို့ချသည့်အခါများတွင် မိတ်ဖက် တက္ကသိုလ်များမှ အနီးကပ် စောင့်ကြပ် ကြည့်ရှုမှုများ၊ အကဲဖြတ်ချက်များကို ပရောဂျက် အလယ်တွင်ဖြစ်စေ၊ ပရောဂျက် ပြီးဆုံးသည့်အခါတွင်ဖြစ်စေ ၎င်းပို့ချ ချက် များ၏ အကျိုးသက်ရောက်မှုများကို မှတ်တမ်းထားရှိ၍ တိုးတက်မှုရှိစေရန် အကြံပြု ချက်များ ပေးသွားမည်ဖြစ်ပါသည်။

လုပ်ဆောင်ချက်များ

လုပ်ဆောင်ချက်(၄)(၁) မိတ်ဖက်တက္ကသိုလ်များ၏ အကဲဖြတ် အမှတ်ပေးခြင်း ဆိုင်ရာတင်ပြချက်များ

(၂) မိတ်ဖက်တက္ကသိုလ်များတွင် ILFM သင်ရိုးညွှန်တမ်းများကို ပို့ချပေးခြင်း၊

(၃)မိမိတက္ကသိုလ်အတွင်း အကဲဖြတ်ချက် အစီရင်ခံခြင်း၊

(၄) အပြီးသတ် အကဲဖြတ်ချက် အစီရင်ခံခြင်း

လုပ်ငန်းစဉ်များ 5

လုပ်ငန်းစဉ်(၅)ပရောဂျက် အရည်အသွေးအာမခံချက်

ဤလုပ်ငန်းစဉ်(၅)၏ရည်ရွယ်ချက်မှာ လုပ်ဆောင်ချက်များကို အကောင်းဆုံး နည်းလမ်းဖြင့် ဖော်ဆောင်စေရန်နှင့် ၎င်းတို့ ပို့ချချက်များသည် ကျိုးကြောင်း ဆီလျော်၍ ခိုင်မာသည့်ရလာဒ်များရရှိစေရန်ရည်ရွယ်ပါသည်။

အရည်အသွေးမြင်မားသည့် လုပ်ဆောင်ချက်ဆိုသည်မှာ အဆိုပါပရောဂျက် ရေရှည် တည်တံ့ စေရန်ကိုဉီးစာပေးအနေဖြင့်သတ်မှတ်၍ ဉီးဆောင်မည့် တက္ကသိုလ်နှင့် အတူ အခြားမိတ်ဖက်တက္ကသိုလ်များ၊ ပြင်ပ ပညာရှင်များမှ ပူးပေါင်းကြိုးစား အားထုတ် သွားရန်ဖြစ်ပါသည်။

ပြီးပြည့်စုံသော အရည်အသွေး ဗျူဟာတစ်ခုသတ်မှတ်ရန်မှာမတူညီသော လုပ်ငန်း စဉ်များ၏ သဘော သဘာဝ အပေါ်မူတည်၍ အသုံးချသွားမည့် လုပ်ထုံး လုပ်နည်းများ၊ နည်ပညာများ၊ ကရိယာ များနှင့်အညီ သတ်မှတ်ရန်ဖြစ်သည်။

ပရောဂျက်အကောင်အထည်ဖော်ဆောင်ရွက်နေစဉ်အတွင်း ကောင်းမွန်သော အကျိုး သက်ရောက်မှုရှိပြီး ရေရှည်တည်တံ့စေရန် အတွက်လိုအပ်သည့် အရည် အသွေး အဆင့်အတန်းတစ်ခု ရရှိစေရန် အဖွဲ့အစည်းအတွင်းနှင့် အဖွဲ့အစည်း ပြင်ပ အကဲဖြတ် စောင်ကြည့်ရေးအတွက် တာဝန်ချမှတ်သွားမည်ဖြစ်သည်။

လုပ်ဆောင်ချက်များ

လုပ်ဆောင်ချက်(၅)(၁) အဖွဲ့အစည်းအတွင်းပရောဂျက်အရည်အသွေးထိန်းချုပ်ရေး

(၂) အဖွဲ့အစည်းပြင်ပ ပရောဂျက်အရည်အသွေးထိန်းချုပ်ရေး

လုပ်ငန်းစဉ်များ 6

လုပ်ငန်းစဉ်(၆) သတင်းအချက်အလက်ဖြန့်ဝေခြင်း နှင့် အသုံးချခြင်း

ပရောဂျက်ဦးတည်အုပ်စုများ၏ လိုအပ်ချက် အကျိူးစီးပွားနှင်ကိုက်ညီမည့် အမျိူးမျိူး သော သတင်းအချက်အလက် ဖြန့်ဝေခြင်းနည်းလမ်းများကို ပြင်ဆင် သွားမည် ဖြစ်သည်။

ဤချဉ်ကပ်မှုနည်းလမ်းအပြင် မိတ်ဖက်အဖွဲ့အစည်းတစ်ခုချင်းစီ၏ ကိုယ်ပိုင် အယူအဆများ ပါဝင်စေပြီး ပရောဂျက် လုပ်ငန်းစဉ်တိုင်းတွင်ထည့်သွင်းစေရန် ဖြစ်ပါသည်။

သတင်အချက်အလက်ဖြန်ဝေခြင်းကို အမျိုးအစား(၄)မျိူး ခွဲခြားထားပြီး အမျိူးမျိူးသော နည်းလမ်းများဖြင့် ဆောင်ရွက် သွားမည်ဖြစ်သည်။ များစွာသော ရည်ရွယ်ချက်များ အတွက်-

အဖွဲ့အစည်းအတွင်း သတင်းအချက်အလက်ဖြန့်ဝေခြင်း

အဖွဲ့အစည်းပြင်ပ သတင်းအချက်အလက်ဖြန့်ဝေခြင်း

ဒေသတွင်းသတင်းအချက် အလက်ဖြန့်ဝေခြင်း

ဉရောပ/နိုင်ငံတစ်ကာ သတင်းအချက်အလက်ဖြန်ဝေခြင်း

လုပ်ဆောင်ချက်များ

လုပ်ဆောင်ချက်(၆)(၁) သတင်းအချက်အလက်ဖြန်ဝေခြင်းအစီအစဉ်

(၂) ILFM သတင်းအချက်အလက်ဖြန့်ဝေခြင်းလုပ်ငန်းစဉ်

(၂) (က) Website တည်ထောင်ခြင်းနှင့် လုပ်ငန်းစဉ် လည်ပတ်ခြင်း

(၂) (ခ)နေ့စဉ် သတင်းအချက်အလက်ဖြန်ဝေခြင်းအစီအစဉ်

(၃)ပြည်တွင်းနှင့် ဒေသတွင်း အာဏာပိုင်များနှင့် ဒေသတွင်း ဆွေးနွေးခြင်း

(၄) ပြည်တွင်းစာတမ်းဖတ်ပွဲ

(၅) ILFM အပြီးသတ်အစည်းအဝေး

လုပ်ငန်းစဉ်များ 7

လုပ်ငန်းစဉ်(၇) ပရောဂျက် စီမံခန့်ခွဲခြင်း

လုပ်ငန်းစဉ်(၇)ကို နည်းပညာပိုင်းဆိုင်ရာနှင့် စီမံခန့်ခွဲခြင်း/ငွေကြေး စီမံခန့်ခွဲခြင်း ရှု့ထောင့်မှ ပရောဂျက်ကို ချောမွေ့စွာ အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရန် ဦးတည် ထားပါသည်။

ထိရောက်မှုရှိပြီး ကျေနပ်ဖွယ်ဖြစ်စေသော ပရောဂျက်စီမံခန့်ခွဲမှု ဖြစ်လာစေရန် အသင်းအဖွဲတစ်ခုလုံး၏ အတွေ့အကြုံနှင့် မြင့်မားသောအရည်အချင်းတို့ဖြင့် ကြိုးစားအားထုတ်ဆောင်ရွက်ကြမည် ဖြစ်ပါသည်။

ပရောဂျက်လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စီမံခန့်ခွဲ ခြင်းနှင့် ပြည်တွင်းနှင့် ဒေသတွင်း အကျိူးသက်ရောက်မှုရှိစေရန် (ပရောဂျက် အဖွဲဝင်များအားလုံး၏ ကြိုးပမ်းအားထုတ်မှုနှင်အတူ သတ်မှတ် ထားသော အချိန်ကာလအတွင်း)ပေးအပ်နိုင်စေရန်

နည်းလမ်းတစ်ကျ စီမံခန့်ခွဲခြင်း/ငွေကြေးစီမံခန့်ခွဲခြင်းတို့ကိုဆောင်ရွက်ရန်၊ အတွေ့ အကြုံ ရှိသော သင်ကြားရေး ဆရာ/ဆရာမများမှ သင့်လျော်သည့် Erasmus+ မှချမှတ် ထားသော စည်းမျဉ်းစည်းကမ်းများနှင်အညီ ဆောင်ရွက် ကြမည်ဖြစ်သည်။

လုပ်ဆောင်ချက်များ

လုပ်ဆောင်ချက်(၇)(၁) စီမံခန့်ခွဲခြင်း/ငွေကြေးစီမံခန့်ခွဲခြင်းအစီရင်ခံစာ

(၂) နည်းပညာပိုင်းဆိုင်ရာ အကောင်ထည်ဖော် ဆောင်ရွက်ခြင်း အစီရင်ခံစာ

(၃) ပရောဂျက်အစည်းဝေး အစီရင်ခံစာ(Virtual and face-to-face)

(၄) နည်းပညာပိုင်းဆိုင်ရာ စီမံခန့်ခွဲခြင်း အသုံးပြုပုံများ