ကြှနျုပျတို့အကွောငျး

ရည်ရွယ်ချက်များ

ရောနှောထားသောလူသားရွှေ့ပြောင်းနေထိုင်မှုပုံစံ၏စိန်ခေါ်မှုအသစ်များနှင့်အတူ အိန္ဒိယ၊ မြန်မာနှင့်မလေးရှားနိုင်ငံ တို့အတွက် ပိုမိုစာနာထောက်ထား မှုရှိသော ရွှေ့ပြောင်းဒုက္ခသည်များနှင့် ရွှေ့ပြောင်းအလုပ်သမာမူဝါဒများကို ၄င်းတို့ကိုယ်တိုင် သတ်မှတ်ရန်နှင့် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများနှင့် စည်းမျဉ်းများအပေါ် အခြေခံသည့် ခိုလှုံခွင့်တောင်းခံသူများ၊ ရွှေ့ပြောင်း ဒုက္ခသည်များနှင့် ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည်များကို အကာအကွယ် ပေးမည့် အမျိုးသားဥပဒေပြု မူဘောင် တစ်ခု ဖွံ့ဖြိုးတိုးတက်လာစေရန် တောင်းဆိုမှု သည်ပိုမိုရှင်းလင်း ပေါ်လွင် လာစေပါသည်။
နေရပ်စွန့်ခွာတိမ်းရှောင်မှုသည် နိုင်ငံအဆင့်နှင့်ဒေသအဆင့်တွင် သိသာ ထင်ရှားသည့် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကျိုး သက်ရောက်မှု များရှိသောကြောင့် လူသားချင်းစာနာမှုဆိုင်ရာ ကြားဝင် ဆောင်ရွက်မှုများကို မူလ၊ အကူးအပြောင်းနှင့် ဦးတည်ရာ နိုင်ငံများတွင် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရန် အစပျိုး လုပ်ဆောင်မှု များနှင့် ပေါင်းစည်း ရမည်ဖြစ်သည်။
ဥပဒေမရှိလျှင် ရွှေ့ပြောင်းဒုက္ခသည်များမှာ ဉပဒေအရ တရားဝင် အဆင့် အတန်းမရှိခြင်း၊ အခြေခံလူ့အခွင့်အရေးများမရရှိခြင်း နှင့် ခေါင်းပုံဖြတ်ခံ ရခြင်းအထိ ထိခိုက်မှုကို ခံစားရနိုင်သည်။
၎င်းတို့သည်လူကုန်ကူးခံရပြီးနောက် မတရားဖမ်းဆီးထိန်းသိမ်းခံရခြင်း၊ ဆင်းရဲ ချို့တဲမှုများနှင့် အိမ်ယာမဲ့များဖြစ်လာပြီး ၎င်းတို့အားလုံး အပေါ်တွင် “တရားမဝင် နေထိုင်သူများ” အဖြစ်သတ်မှတ်ခြင်းခံရသည်။
ဥပဒေမရှိလျှင် ဖြေရှင်းနည်းလမ်းမရှိဘဲ ရွှေ့ပြောင်းဒုက္ခသည်များ အကန့် အသတ်မရှိ ဆက်လက်ရှိနေမည်ဖြစ်သည်။
ဤအကြောင်းပြချက်များကြောင့် စီမံကိန်းသည် နိုင်ငံတကာစံချိန် စံညွှန်းများနှင့် ကိုက်ညီပြီး ရွှေ့ပြောင်းဒုက္ခသည်များကို အမှန်တကယ် အကာအကွယ် ပေးသည့် အဓိပ္ပာယ်ပြည့်ဝသော၊ ပြည့်စုံသော ပြည်တွင်းဥပဒေ မူဘောင်တစ်ခုကို မိတ်ဖက် နိုင်ငံများတွင် ချမှတ်ရန် တွန်းအားပေးရန် ရည်ရွယ်ပါသည်။
ထို့သို့ဆောင်ရွက်ရာတွင် အဓမ္မရွှေ့ပြောင်းမှု ဆိုင်ရာ ဉပဒေများ ပေါ်ထွက် လာစေ ခြင်းဖြင် လည်းကောင်း၊ အဓမ္မရွှေ့ပြောင်း သွားလာသူများ၏ ဂုဏ်သိက္ခာ နှင့် လုံခြုံမှု ရှိစေရေးအတွက် လူမှုရေး ရှု့ထောင်အမြင် တို့ပါဝင်သည့် နိုင်ငံတစ်ကာနှင့် ပြည်တွင်း ဉပဒေသုတေ သနစာတမ်းများ ပေါ်ထွက်လာစေရေး ကိုမြှင့်တင် ပေးခြင်းဖြင့် လည်းကောင်း ဖော်ဆောင် နိုင်မည် ဖြစ်သည်။
ILFM စီမံကိန်း၏ တိကျသောရည်ရွယ်ချက်များကို အောက်ပါအတိုင်း အကျဉ်းချုပ် ဖော်ပြ ထားပါသည်။

အပြည်ပြည်ဆိုင်ရာဥပဒေနှင့်အဓမ္မပြောင်းရွှေ့နေထိုင်မှုဆိုင်ရာဥပဒေကျွမ်းကျင်သူများ၏အသိပညာဗဟုသုတနှင့်ကျွမ်းကျင်မှုကို တိုးတက်စေရန်။

မိတ်ဖက်တက္ကသိုလ် အဆင့်မြင့်ပညာအဖွဲ့အစည်းများ၏ ပညာရေး၀န်ထမ်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်နှင့် ၄င်းတို့၏ အရည်အချင်းနှင့် ကျွမ်းကျင်မှုအဆင့်ကို တိုးမြှင့်စေရန်။

ပညာရှင်များ၏ အခန်းကဏ္ဍ ကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကူညီခြင်း၊ သင့်လျော်ကောင်းမွန်သောပတ်၀န်းကျင်ကို ထောက်ပံ့ပေးခြင်းဖြင့် ပညာရှင်များ၏ စွမ်းဆောင်ရည်ကိုမြှင့်တင်ရန်

ဆန်းသစ်တီထွင်မှုစွမ်းရည်များသာမက မိတ်ဖက်တက္ကသိုလ် အဆင့်မြင့်ပညာ အဖွဲ့အစည်းများကို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်စေ ခြင်း နှင့်ခေတ်မီ စေရန်ပြုလုပ်ခြင်း။

ကြှနျုပျတို့အကွောငျး

လှုပ်ရှားမှုဆောင်ရွက်ချက်များ

ILFM ပရောဂျက်၏ အဓိက လှုပ်ရှားမှုဆောင်ရွက်ချက်သည် အပြည်ပြည်ဆိုင်ရာ ဉပဒေနှင့် အဓမ္မ ရွှေ့ပြောင်းနေထိုင်ခြင်းနှင့်ပတ်သက်သော မဟာဘွဲ့အတွက် သင်ရိုးညွန်းတမ်း ဖွဲ့ဖြိုးတိုးတက်ရန်နှင့် ဖြန့်ဝေပေးရန်

မဟာဘွဲ့ပရိုဂရမ်သည် အိန္ဒိယ၊ မြန်မာ၊ မလေးရှားရှိ ပညာရေးနှင့် ဉပဒေဖြင့် အသက် မွေးသူများအား ပိုမိုကောင်းမွန်သော နယ်ပယ်ဖြစ်စေရန် ပြည်တွင်းနှင့် အပြည်ပြည် ဆိုင်ရာ ဉပဒေစံနှုန်းများ ဖော်ဆောင် နိုင်လိမ့်မည်။
မိတ်ဖက်နိုင်ငံများတွင် လက်ရှိတရားဝင် မူဘောင်နည်းဉပဒေများသည် ကမ္ဘာအနှံ့ သုံးနေသော မူသဘောတရားများဖြင့် ဖြန့်ကျက်ထားသည်။
သို့သော်လည်း ဤကဲ့သို့ အစိတ်အပိုင်းများသည် နားလည်မှုလျော့နည်း စေနိုင်သလို ကြန့်ကြာစေသည်။ တစ်ချိန်တည်းမှာပင် အပြည်ပြည်ဆိုင်ရာဥပဒေ နယ်ပယ်၏ ထိရောက်သော အကောင်အထည် ဖော်မှုကိုလဲ အကျိုုးဖြစ်စေသည်။
မဟာဉပဒေသင်ကြားခြင်းဖြင့် အစိတ်စိတ်အပိုင်းပိုင်းဖြစ်နေမှုကို တစ်စုတစ်စည်း တည်းဖြစ်စေပြီး လက်တွေ့အသုံးချမှုအတွက် အသုံးဝင်လိမ့်မည်။အထူးသဖြင့် တရားသူကြီးများ၏ ဆုံးဖြတ်ချက် များသည် သက်ဆိုင်ရာစံနှုန်းများနှင့် ကိုက်ညီမှု၊ ခိုင်မာမှု ရှိစေမည်။
ဤကဲ့သို့သော နည်းလမ်းဖြင့်၎င်းသည် နိုင်ငံရေး၊စီမံခန့်ခွဲမှုနှင့်ဆိုင်သော ဉပဒေပြုစုခြင်း ဖြစ်စဉ်များ အားနည်းသော မာတိကာများအတွင်းရှိ လိုအပ်ချက် များကို ဖြည့်ဆည်း ပေးနိုင်လိမ့်မည်။
ဤဘာသာရပ်သည် ရှေ့နေချုပ်များအားအကျိုးပို၍ရှိစေမည်။ အဘယ့်ကြောင့် ဆိုသော် ထိုရှေ့နေချူပ် များသည် ဒုက္ခသည်များ၊ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများ၊ နိုင်ငံ အတွင်း ပြန်လည်နေရာချ ထားသူများ အထောက်အပံ့ ပြုလုပ်ရာတွင် တရားဝင် လျှောက်လဲ ချက်များချမှတ်ရာတွင်ပို၍ပြင်ဆင် လာနိုင်လိမ့်မည်။
နောက်ဆုံးအနေဖြင့်မဟာဉပဒေသည် လက်တွေ့ကို ဉီးတည်ပြီး သင်ကြားမှုမှတဆင့် ကျွမ်းကျင်မှုများကို တိုးတက်အောင်မြင်ပေလိမ့်မည်။
ထို့အ့ပြင် အပြည်ပြည်ဆိုင်ရာ ဉပဒေနှင့် အဓမ္မရွှေ့ပြောင်းနေထိုင်ခြင်း ဖွဲ့ဖြိုးတိုးတက်မှု သင်ရိုးသည် PC HEI မှ ပညာရေးဝန်ထမ်းများ၏ လိုအပ်ချက ်များကို (၂၁) ရာစုကို ဂလိုဘယ်လိုက်ဖ် ခေတ်နှင့်ချိတ်ဆက်၍ ပိုပြီးအရည် အသွေးပြည့်မီသော ပညာရေးနှင့် သင်တန်းများမှ တစ်ဆင့်ပြည့်မီစေလိမ့်မည်။
အဓမ္မရွှေ့ပြောင်းခြင်းနှင့် ဒီမိုကရေစီနှင့်ပတ်သက်သော အသိပညာ စင်တာများ ဖွဲ့ဖြိုးလာမှု၊ ကောင်းမွန် သော လက်တွေ့ကျင့်သုံးမှုများ အပြန်အလှန်ကျင့်သုံးမှုနှင့် HEIS ပါတနာများမှ အသိပညာများ ရယူမှုတို့သည် ဒုက္ခသည်များနှင့် သက်ဆိုင်သော အထူးဆောင်ရွက် ချက်များအတွက် သိပ္ပံနည်းကျ အသိပညာများ ဖွဲ့ဖြိုးတိုးတက်မှုများကို ဖြည့်ဆည်းပေးလိမ့်မည်။နောက်ဆုံး၌ အဆင်သင့်ဖြစ်သော LLM Course များကိုသင်တန်းသားများကို တိုက်ရိုက်ညွုန်ကြားချက်များ နှင့်ပရောဂျက်ကို ဉီးတည်သော သင်ကြားနည်းများမှ တစ်ဆင့် မိတ်ဖက် တက္ကသိုလ် စနစ်များတွင် အရည်အသွေးပြည့်မီသော ကောင်းစွာ ပြင်ဆင် ထားသော ပညာရေး ဝန်ထမ်း များအဖြစ်သို့ ရောက်စေမည်။
နောက်ဆုံးအနေဖြင့် အထူးပေါင်းစပ်ထားသည့် “သင်ကြားသူများအား လေ့ကျင့် သင်ကြားပေးခြင်း” အစီအစဥ်များ အား ချင့်ချိန်ကာ ဟန်ချက်ညီညီ ဖြင့် ဥပဒေသင်တန်း LLL Courseတွင် ပြဌာန်းခြင်းသည် စီမံကိန်းကိုဦးတည်သော သင်ကြား နည်းစံနစ် များက အရည်အချင်းပြည့်၀သည့် ကောင်းစွာပြင်ဆင် ထားသည့် ပညာရေး ၀န်ထမ်းများအား တိုင်းပြည်၏တက္ကသိုလ်ပညာရေးစံနစ်ကို အထောက်အကူ ပြုရန် ဦးတည်ထားပါသည်။
ကြှနျုပျတို့အကွောငျး

ဦးတည်အုပ်စုများ

ILFM စီမံကိန်းသည်အောက်ပါ ဦးတည်အုပ်စုများ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးရန်ရည်ရွယ်သည်။

  • ကျောင်းသားများ – ဥပဒေရေးရာကျွမ်းကျင်သူများ (တရားသူကြီးများ၊ အစိုးရရှေ့နေများ၊ တရားရုံး၀န်ထမ်းများ၊ တရားရုံးစာရေးများ၊ ရှေ့နေများနှင့် စာချုပ် စာတမ်း သက်သေခံ သူများ)
  • ပညာရေးဝန်ထမ်းများ
  • မိတ်ဖက်တက္ကသိုလ် အဆင့်မြင့်ပညာအဖွဲ့အစည်းများမှ သုတေသနပညာရှင်များ
  • ပြည်တွင်းအာဏာပိုင်များ
  • ပုဂ္ဂလိကကဏ္ဍတွင်ပါ၀င်ပတ်သက်သူများ
  • လူမှုအဖွဲ့အစည်းနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ

ဦးတည်အုပ်စုတွင် မိတ်ဖက်တက္ကသိုလ် အဆင့်မြင့်ပညာအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ ဌာနများ/မဟာဌာနများ၊ အပြည်ပြည်ဆိုင်ရာဥပဒေ၊ ဒုက္ခသည် ဆိုင်ရာဥပဒေ၊ လူ့အခွင့်အရေးဆိုင်ရာဥပဒေ၊ ပြည်တွင်းဥပဒေ၊ ပြစ်မှုဆိုင်ရာ ဥပဒေ၊ ရွှေ့ပြောင်းခြင်း ကိုလေ့လာမှု၊ ပညာရေးဆိုင်ရာပါရဂူများနှင့် ပညာရေး ၀န်ထမ်းများ (မိတ်ဖက်များမှလွဲ၍)၊ ကျောင်းသားများ၊ သုတေသနပညာရှင်များ၊ ကွျမ်းကျင်ပညာ ပညာရှင်များ အဆင့်မြင့်ပညာအဖွဲ့အစည်းများ၏ အသင်းအဖွဲ့များ သို့မဟုတ် ကွန်ယက်များ၊ သုတေသနဌာနများ နှင့် VET ပံ့ပိုးသူများပါ၀င်သည်။