ILFM စီမံကိန်း ပိုမိုသိရှိရန် ILFM မိတ်ဖက်များ ပိုမိုသိရှိရန်
အပြည်ပြည်ဆိုင်ရာဥပဒေ & အတင်းအကျပ်ရွှေ့ပြောင်းလေ့လာခြင်း

စီမံကိန်းကို ၂၀၂၀ ဇန်နဝါရီလတွင်စတင်ခဲ့ပြီးနောကလာမည့် သုံးနှစ် အတွင်း အကောင်အထည်ဖော်မည်ဖြစ်သည်။

ကြှနျုပျတို့အကွောငျး

ILFM စီမံကိန်းမှကြိုဆိုပါသည်။

“အပြည်ပြည်ဆိုင်ရာဥပဒေနှင့် အဓမ္မရွှေ့ပြောင်းခြင်းဆိုင်ရာလေ့လာမှု” (ILFM)  မဟာဘွဲ့သင်တန်းအစီအစဉ် ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း ၏ တီထွင် ဆန်းသစ်မှု လက္ခဏာသည် အောက်ဖော်ပြပါအချက် သုံးချက်တွင် မူတည်သည်။

မိတ်ဖက်တက္ကသိုလ် အဆင့်မြင့်ပညာအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ နှင့် ပညာရေး ဆိုင်ရာပံ့ပိုးမှုများ တိုးမြှင့်ခြင်းကို အလေးထား အာရုံစိုက်ပါမည်။

ILFM သည် မိတ်ဖက်တက္ကသိုလ် အဆင့်မြင့်ပညာအဖွဲ့အစည်းများကို အဓိက ပါ၀င် ဆောင်ရွက်သူများဖြင့် အခြေခံထားပါသည်။

  1. ၁) အပြည်ပြည်ဆိုင်ရာဥပဒေနှင့် အဓမ္မပြောင်းရွှေ့နေထိုင်မှုနယ်ပယ်တွင် အဆင့်မြင့် ကျွမ်းကျင်သောပညာရှင်များ မျိုးဆက်သစ်များ၊
  2. ၂) ဘ၀တစ်သက်တာသင်ယူခြင်းဖြင့်၂၁ ရာစု ပညာရေးဝန်ထမ်းများ ၏ အရည်အချင်းကို စဉ်ဆက်မပြတ်အဆင့်မြှင့်ခြင်း စသော အဓိက လိုအပ်ချက် များ ပေါ်တွင် အခြေခံသည်။

မိတ်ဖက်တက္ကသိုလ် အဆင့်မြင့်ပညာအဖွဲ့အစည်းများသည် ခိုင်မာသည့် အရည်အသွေး ရှိသော ပညာရေးကိုပေးအပ်နေသည့် အဖွဲ့အစည်းများ ဖြစ်သည်။. သို့သော်လည်း လူ့အဖွဲ့အစည်းအပေါ် သိသိသာသာ အကျိုးသက်ရောက်မှု ကိုဖန်တီးရန် အပြည်ပြည်ဆိုင်ရာဥပဒေနှင့် အဓမ္မပြောင်းရွှေ့ နေထိုင်မှု နယ်ပယ်တွင် ပညာရေး သင်ရိုးညွှန်းတမ်းကို ဖန်တီး / ခေတ်မီစေ၍ ပညာရေး ဝန်ထမ်းများ၏ စွမ်းရည်ကို ကြွယ်ဝပြည့်စုံ စေရမည်ဖြစ်သည်။

ဘာသာရပ်နယ်ပယ်နှင့်သက်ဆိုင်မှု –

ILFM သည် လက်ရှိ မိတ်ဖက်တက္ကသိုလ် ၏ အရေးပေါ်အခြေအနေဖြစ်သည့် ဒေသန္တရ ဥပဒေရေးရာ ကျွမ်းကျင်သူများ မှ ဥပဒေနှင့်လူသားချင်း စာနာမှု အကူအညီ လိုအပ်နေသူများကို ဘက်ပေါင်းစုံ ကူညီပံ့ပိုးမှု များပေးရန် ရှိသည့် ကြီးမားသောတာ၀န်ကို ကိုင်တွယ်ဖြေရှင်း ရန် ရည်ရွယ်သည်။. မိတ်ဖက်တက္ကသိုလ် အဆင့်မြင့်ပညာအဖွဲ့အစည်းများ မှ လေ့ကျင့်သင်ကြား ထားသည့် အရည်အချင်းပြည့်ဝသော ကျွမ်းကျင်ပညာရှင်များ ရှိခြင်းသည် ရွှေ့ပြောင်း ဒုက္ခသည်များ ဆိုင်ရာမဟာဗျူဟာ၏ ခိုင်မာသောတိုးတက်မှု နှင့်စပ်လျဉ်း၍ ပြည်တွင်းနှင့်အပြည်ပြည်ဆိုင်ရာ တရားဥပဒေစိုးမိုးမှု တိုးတက် ကောင်းမွန်လာခြင်းများ၊ လူမှုရေးနယ်ပယ်တွင် အပြုသဘော ဆောင်သော အကျိုးသက်ရောက်စေမည့် ရေရှည် တည်တံ့သော ရလဒ် များကိုဖြစ်ပေါ်စေမည့် အလုပ်လုပ်နည်း စနစ်/လုပ်ငန်းစဉ်များကို ရရှိ အောင်မြင်စေရန် ထူးခြားသည့် အခွင့်အလမ်းတစ်ခု အဖြစ် ထင်ဟပ် စေမည်ဖြစ်သည်။

ကဏ္ဍများဆုံစည်းရာ

ILFM တွင်သတ်မှတ်ဖော်ပြထားသော မိတ်ဖက်တက္ကသိုလ် အဆင့်မြင့်ပညာ အဖွဲ့အစည်းများ/ဥပဒေရေးရာ ကျွမ်းကျင်သူများ/ ပြည်သူ့ အာဏာပိုင် များဆုံစည်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည် -.၁)  မိတ်ဖက်တက္ကသိုလ် အဆင့်မြင့်ပညာအဖွဲ့အစည်းများ၏ ပညာရေး ကမ်းလှမ်းချက် ကိုအပြည့်အ၀ ခေတ်မီအောင် ပြုလုပ်ခြင်း၊ ၂) ဥပဒေရေးရာကျွမ်းကျင်သူများ၏ အထူးပြုနယ်ပယ်များတွင် သိသာ ထင်ရှား သောတိုးတက်မှု ၃) ရလဒ်များကိုအတည်ပြုထောက်ခံမှုပံ့ပိုးရန်အတွက် ဆန်းသစ်သော ချဉ်းကပ်မှု

image









နောက်ဆုံးရသတင်းများ

နောက်ဆုံးအပ်ဒိတ်များကိုဖတ်ပါ


The ILFM Project Starts!

18 Jan 2021