
တောင်ကြီးတက္ကသိုလ် (TU) သည် တိုင်းရင်းသား လူမျိုးစု အများအပြား နေထိုင်သည့် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင်တည်ရှိပါသည်။
ကျောင်းဝန်း၏ ဧရိယာမှာ ၂၁၄.၈၁ ဧကရှိပြီး သုတေသန နှင့် ဖွံ့ဖြိုးတိုးတက် မှုများ ဆောင်ရွက်ရန်အတွက် လုံလောက်သော နယ်မြေ အကျယ်အဝန်း ဖြစ်ပါသည်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ အဓိက အဆင့်မြင့်ပညာရေးအဖွဲ့အစည်း တစ်ခုဖြစ်သော ကျွန်ုပ်တို့၏ တောင်ကြီးတက္ကသိုလ်သည် အစိုးရ၊ စီးပွားရေး နှင့် စက်မှုလုပ်ငန်းများ တွင် လိုအပ်သော ကျွမ်းကျင် လူသားအရင်းအမြစ်များ ရရှိအောင် ပြုစုပျိုးထောင်ပေးရန် တာ၀န် ရှိပါသည်။
တောင်ကြီးတက္ကသိုလ်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ စီးပွားရေး၊ ဥပဒေပညာ၊ သင်္ချာ၊ ဓာတုဗေဒ၊ သတ္တဗေဒ၊ ရုက္ခဗေဒ နှင့် ဘူမိဗေဒ ဟူသည့် သင်ကြာရေး ဌာန ၁၅ ခုဖြင့် ဖွဲ့စည်းထားပါသည်။
တောင်ကြီးတက္ကသိုလ်၏ အဓိကလှုပ်ရှားမှုများမှာ အရည်အချင်းပြည့်ဝ ကောင်းမွန် သော အလေ့အကျင့်ရှိသည့် လူငယ်များကို ပြုစုပျိုးထောင်ခြင်း၊ သင်ကြားရေး အစီအစဉ်များ နှင့် သုတေသနယဉ်ကျေးမှုများကိုပံ့ပိုးပေးခြင်း နှင့် ဒေသဖွံ့ဖြိုး တိုးတက်မှု၊ တိုင်းရင်းသား လူမျိုးစုများ၏ ညီညွတ်ရေး နှင့် ပညာရေး ဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက်ခြင်းတို့ ဖြစ်ပါသည်။
ဥပဒေပညာဌာနသည် ၂၀၁၅ ခုနှစ်တွင် BABSEACLE နှင့် နားလည်မှုစာချွန်လွှာ တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ထိုအချိန်မှစ၍ အထူးရာဇ၀တ်မှုဥပဒေများ၊ လူ့အခွင့်အရေးဥပဒေ နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဥပဒေများတွင် ကျွမ်းကျင် မှု ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု နှင့် လူထုတွင်း ဥပဒေပညာပေးခြင်း တို့ကို ဆောင်ရွက် ခြင်းဖြင့် သင်ကြားရေးအတွက် သီအိုရီ နှင့် လက်တွေ့ဥပဒေပညာရေး ပေါင်းစပ ်သင်ကြားခြင်ကို အကောင်အထည်ဖော်ခဲ့ပါသည်။
ဥပဒေပညာဌာနရှိသင်ကြားရေး၀န်ထမ်း ၃၀ တွင် ဆရာ၊ ဆရာမ ၁၉ ဦးသည် ၎င်းတို့၏ LLM နှင့် PhD တွင်နိုင်ငံတကာဥပဒေကို အထူးပြုလေ့လာခဲ့ကြသူများ ဖြစ်ပါသည်။
အပြည်ပြည်ဆိုင်ရာဥပဒေ နှင့် လူ့အခွင့်အရေးဥပဒေသည် LLB သင်တန်းများတွင် အဓိကကျသော ဘာသာရပ်များဖြစ်သော်လည်း သင်ရိုးညွှန်းတမ်း နှင့် သင်ရိုး မာတိကာ များသည် ဒေသတွင်း နှင့် ကမ္ဘာ၏ပြောင်းလဲနေသော နိုင်ငံရေး နှင့် လူမှုရေးဆိုင်ရာ ပြဿနာများနှင့်အညီ ပြောင်းလဲဖွံ့ဖြိုးရန်လိုအပ်နေပါသည်။
ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေး၊ လူကုန်ကူးခြင်း နှင့် ရာသီဥတု ပြောင်းလဲ ခြင်းကြောင့် လူမှုရေးဆိုင်ရာသက်ရောက်မှုများနှင့် ပတ်သက်သော သုတေသန စီမံကိန်းများ ကို ဥပဒေပညာဌာန၌ အကောင်အထည်ဖော် ဆောင်ရွက် လျှက်ရှိပါသည်။
WEBSITE