မလေးယားတက္ကသိုလ်/UM (Malaysia)

မလေးယား တက္ကသိုလ် (UM) သည် မလေးယား (ယခု မလေးရှားဟုသိကြသည့်) နိုင်ငံတွင် ထူထောင်ခဲ့သည့် ပထမဆုံးတက္ကသိုလ်ဖြစ်ပြီး၊ (၁၉၆၂) ဇန္နဝါရီလ (၁) ရက်နေ့တွင် မလေးယားဖယ်ဒရေးရှင်းအတွင်း အများပိုင် တက္ကသိုလ်တစ်ခု အဖြစ် တရားဝင်အသိအမှတ်ပြုခဲ့သည်။
၎င်းကို အထူးပညာရပ်သင် တက္ကသိုလ် နှစ်ခု၊ မဟာဌာန (၁၃) ခု၊ ပညာရပ ်လုပ်ငန်းဆိုင်ရာ ကျောင်း (၃) ကျောင်းနှင့် ဆေးပညာ၊ သိပ္ပံပညာ၊ နည်းပညာ၊ လူမှုရေးသိပ္ပံ ပညာရပ်များနှင့် လူမှု ဘာသာရပ်များကို ပြည့်ပြည့်စုံစုံ ပါဝင်လျက် ခြုံငုံမိသည့် အထူးပညာရပ် သင်ဗဟိုဌာန (၃) ခုဖြင့် အထောက်အပံ့ပြုထားသည်။
သုတေသန၊ ဆန်းသစ်တီထွင်မှု၊ ပုံနှိပ်ထုတ်ဝေခြင်း များနှင့် သင်ကြားရေးတို့တွင် အဆင့်မြင့် လေ့လာ သင်ယူနေသည့် နိုင်ငံတကာတွင် ထင်ရှားကျော်ကြားသည့် အင်စတီကျူးရှင်း တစ်ခုအဖြစ် ၎င်း၏ အဆင့်အတန်းကို သက်သေပြနေသည့်၊ UM သည် (၂၀၂၁) ခုနှစ် ကမ္ဘာ့ တက္ကသိုလ် အဆင့် (QS) သတ် မှတ်ချက်တွင် အဆင့် (၅၉) သတ်မှတ်ခံရသည်။ စင်စစ်အားဖြင့် (QS) (၂၀၂၀) အာရှတက္ကသိုလ် အဆင့်များ အတွက်၊ မလေးရှား တက္ကသိုလ်သည် အဆင့် (၁၃) တွင် သတ်မှတ် ခံရသည်။
မလေးယားတက္ကသိုလ်တွင်မဟာဌာနများအနက် တစ်ခု ဖြစ်သည့် ဥပဒေပညာ မဟာဌာနသည် ပညာရှင်ပီသသော စည်းကမ်း ဥပဒေတစ်ခုအဖြစ် ဥပဒေပညာကို အတွေး အခေါ်သစ်များ လက်ခံသော၊ ပြည့်စုံကျယ်ပြန့် သော လေ့လာမှုတစ်ခု ပေးနိုင်သည့်အတွက် ၄င်း၏ ဂုဏ်ပုဒ်ကိုစိုက်ထူသည်။
တက္ကသိုလ်သည် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများ နှင့် ဥပဒေရေးရာ ကျွမ်းကျင်မှုနှင့်ဆိုင်သည့် ကိုယ်ကျင့် ပညာရပ် များနှင့်အတူ ကျောင်းသား ကျောင်းသူများကို လေ့ကျင့် ပေးသလို စိတ်ဓါတ်ရေးရာ၌ အသင့်ဖြစ်စေ သည်။ လူမှု အသင်းအဖွဲ့၊ လူမှုနယ်ပယ်အပြောင်းအလဲ နှင့် တရားမျှတမှု အတွက် အခြေခံ သဘော တရားတစ်ခု ဖြစ်သကဲ့သို့ ဥပဒေပညာရပ်ကို ဝေဖန်သုံးသပ်သည့် အမြင်တစ်ခုနှင့် ပေါင်းစပ်ပေးသည်။
မဟာဌာနကပေးသည့် ဘွဲ့၊ ဒီဂရီများမှာ ဥပဒေပညာဘွဲ့ နှင့် ဥပဒေအတတ်ပညာ ဒီဂရီများနှင့်ဆိုင်သည့် ဘွဲ့များ ပါဝင် သည်။
ဘွဲ့လွန်ပညာအဆင့်တွင်၊ ဥပဒေပညာ မဟာဘွဲ့များ နှင့် ဒေါက်တာဘွဲ့များအပြင်၊ မဟာဌာနသည် ပြစ်မှုဆိုင်ရာ တရား မျှတမှု မဟာဘွဲ့ နှင့် စီးပွားရေးဆိုင်ရာ ဥပဒေ နှင့် ဆိုင်သည့် မဟာဘွဲ့ ဒီဂရီများကိုလည်း အပ်နှင်း သည်။

WEBSITE