မလေးရှား ဥတာရာ တက္ကသိုလ် ( UUM ) သည်(၁၉၈၄) ခုနှစ် ဖေဖော်ဝါရီလတွင် တရားဝင် တည်ထောင်ထားသည့် ခြောက်ခုမြောက် မလေးရှား အများပိုင်တက္ကသိုလ် ဖြစ်သည်။
တက္ကသိုလ်ကို စီမံခန့်ခွဲမှုဘာသာရပ်တွင် အဓိက ဗဟိုပြုရန် ထူထောင်ထားသည်။
မလေးရှား ပညာရေးဝန်ကြီးဌာနသည် ဤတက္ကသိုလ် ထူထောင်သည့် စိတ်ကူးစိတ်သန်း နှင့်စပ်လျင်းသည့် ပုံသဏ္ဍာန်ကို အလေးအနက် ထားပြီးစတင်သည့်အတွက် (၁၉၈၃) ခုနှစ် ဩဂုတ်လတွင် ဤ ခြောက်ခုမြောက် တက္ကသိုလ်နှင့် ဆိုင်သည့် ဆောက်လုပ်ရေးလုပ်ငန်းကို စတင်လိုက်သည်။
(၁၉၈၃) ခုနှစ် အောက်တိုဘာလ (၁၉) ရက်နေ့တွင် ကက်ဘိနက်သည် ဤစီမံကိန်းအတွက် ၎င်း၏ တရားဝင် ထောက်ခံချက်ကို လွတ်တော် (Kedah) အတွင်း ပေးအပ် လိုက်သည်။ ထိုအချိန်ကာလတွင် စီမံကိန်းကို “ခြောက်ခုမြှောက် တက္ကသိုလ် စီမံကိန်း” ဟု ခေါ်တွင် လေသည်။
လပေါင်းများစွာကြာပြီးနောက် မလေးရှား ဥတာရာ တက္ကသိုလ် (UUM) ဟုတရားဝင် ခေါ်တွင်သည့် ခြောက်ခုမြောက် တက္ကသိုလ်၏ ယာယီ ရုံးအဆောက် အဦးကို (၁၉၈၄) ခုနှစ် ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် တရားဝင် ဖွင့်လှစ် လိုက်သည်။
စင်တော့ (Sintok) တက္ကသိုလ် ပရိဝုဏ်အဖြစ် ညွှန်းဆို ခဲ့ကြသည့် အမြဲတန်း မော်ကွန်းတင်ရစ်မည်ဖြစ်သော (UUM) တက္ကသိုလ် ပရိဝုဏ်သည် (၁၉၉၀) စက်တင်ဘာလ (၁၅) ရက်နေ့တွင် လုပ်ငန်းများ စတင်ပြီး တော်ဝင် အကြီးအကဲ ဆူလတန် အဗ္ဗဒူဟာလင်မူအဇမ်ရှား တော်ဝင်ဘုရင် မင်းမြတ် က (၂၀၀၄) ခုနှစ် ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် တရားဝင် ဖွင့်လှစ်ပေးခဲ့သည်။
(UUM) အတွင်း သာသာယာယာ ရှိပုံ အများအပြားကို ပြင်ပပုဂ္ဂိုလ်များနှင့် နိုင်ငံခြားသားလေ့လာလိုသူများအား လွတ်လွတ်လပ်လပ် လည်ပတ်ခွင့်နှင့် အသုံးပြုခွင့် ပေးထား သည့် လွတ်လပ်ပွင့်လင်းသော တက္ကသိုလ် နယ်မြေတစ်ခု အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲ တိုးတက်လာသည်။
သစ်တော (၁၀၇) ဟက်တာဧက ဝန်းပတ်ထားသည့် ဧရိယာ တစ်ခုသည် မြောက်ပိုင်း ဒေသအတွက် နိုင်ငံခြား သားများကို ဆွဲဆောင်ရန်နှင့် တက္ကသိုလ်နယ်မြေ အသိုင်းအဝိုင်း နှင့်ဆိုင်သည့် အဖွဲ့ဝင်အများအပြား၏ အပန်းဖြေ ရေးနှင့် ဆိုင်သော လိုအပ်ချက်များကို ကြေနပ်မှု ရစေရန် နှစ်မျိုးလုံး များပြား လှသည့် လိုအပ်သည့် အထောက်အပံ့ ပစ္စည်း ပစ္စယများ ဖွံ့ဖြိုးတိုးတက် လာစေသည်။
အဆိုပါ အထောက်အပံ့ ပစ္စည်းပစ္စယများကြားတွင် ပျော်ပွဲစားထွက်နိုင်သည့် ဧရိယာများ၊ (၁၈) ကျင်းစိမ်နိုင် သည့် ဂေါက်လေ့ကျင်ရေးကွင်း၊ ပြိုင်ကားငယ်များ မောင်းနှင် နိုင်သည့် ပတ်လမ်းကွင်းတစ်ခု၊ သေနတ်ပစ် လေ့ကျင့် ရေးကွင်း နှင့် မြှားပစ်လေ့ကျင်ရေးကွင်း၊ မြင်းစီး လေ့ကျင့်ရေး ကွင်းနေရာအပြင် နိုင်ငံခြား သားများ နှင့် တက္ကသိုလ်နယ်မြေ အသိုင်းအဝိုင်းဝင်များကြားတွင် ထပ်တူထပ်မျှ အလျင်အမြန် ကျော်ကြားထင်ရှားမှု ရနေသည့်အခြားသော နေရာများ ရှိကြသည်။
WEBSITE
