မာရဝါဒီတက္ကသိုလ် (အိန္ဒိယနိုင်ငံ)

မာရဝါဒီပညာရေးဖောင်ဒေးရှင်းအဖွဲ့အစည်းများအဖွဲ့ (MEFGI) သည် ၂၀၀၈ ခုနှစ်တွင် ဘုံဘေပြည်သူ့ယုံကြည်မှုအက်ဥပဒေ အောက်တွင် မာရဝါဒီပညာရေး ဖောင်ဒေးရှင်း၏ အဓိကအဖွဲ့၀င်အဖြစ်လက်ခံခြင်းခံခဲ့ရသည်။
အိန္ဒိယရှိ မာရဝါဒီတက္ကသိုလ်ကို ဂူဂျာရတ်ပြည်နယ်အစိုးရ၏ ဂူဂျာရတ် ပုဂ္ဂလိက တက္ကသိုလ် အက်ဥပဒေ အမှတ် ၉/၂၀၁၆ ဖြင့် တည်ထောင်ခဲ့ပြီး University Grant Commission (UGC) အဖွဲ့မှ အသိအမှတ်ပြခဲ့ပါသည်။
ဥပဒေပညာဗဟုသုတများကို ဖြန့်ဖြူးရန် နှင့် ဥပဒေပညာဘွဲ့အတွက် တက်ရောက် ရသော ငါးနှစ်တာကာလအတွင်း အရည်အသွေးရှိသော ဥပဒေပညာကို တက်ရောက်သူများအား ထောက်ပံ့ပေးရန် ရည်ရွယ်ချက်တို့ဖြင့် ဥပဒေပညာ မဟာဌာနကို ၂၀၁၈ ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။ ဥပဒေပညာဘွဲ့ (ဂုဏ်ထူး) သို့မဟုတ် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဘွဲ့ကို ရွေးချယ်မှုတစ်ခုအဖြစ် ရွေးချယ်နိုင်သည်။ ဥပဒေပညာဘွဲ့အပြင် အရည်အသွေးမြှင့် သုတေသန အစီအစဉ်များ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့်လည်း ဥပဒေပညာမဟာဘွဲ့ (LL.M.) နှင့် ဥပဒေပညာ ပါရဂူဘွဲ့ (PhD) သင်တန်းတို့ကိုလည်း ဖွင့်လှစ်ထားရှိပါသည်။
မာရဝါဒီတက္ကသိုလ်သည် ဥပဒေပညာကျောင်းသားများအား အနာဂတ်တွင် ရှေ့နေကောင်း များအဖြစ် ပေါ်ထွက်လာစေရန် ဘက်စုံပညာရေး လိုအပ်သည်ကို သိရှိနားလည်ပါသည်။
အထက်ပါရည်ရွယ်ချက်ကိုရရှိရန် မာရဝါဒီတက္ကသိုလ်သည် ဌာနေ ဖွံ့ဖြိုး တိုးတက်ရန် ၃၆၀ ဒီဂရီပညာရေးပုံစံ သင်ကြားရေးနည်းစနစ်ကို ကျင့်သုံးသည်။
ဤအစီအစဉ်သည် ကျောင်းသားများအတွက် လုပ်ငန်းခွင်တွင် လိုအပ်သည့် ပုဂ္ဂိုလ်ရေး ဆိုင်ရာစွမ်းရည်များ (soft skills) နှင့် ဘာသာရပ် နယ်ပယ် ကျွမ်းကျင်မှုအရည်အချင်းများ (professional attributes) ကို ရရှိစေရန် အာမခံပါသည်။
ပညာရေး နှင့် လက်တွေ့လုပ်ငန်းခွင် ကျွမ်းကျင်သူများသည် ဥပဒေရေးရာ နယ်ပယ်တွင် လုပ်ကိုင်ခဲ့သည့် ၎င်းတို့၏ ကျွမ်းကျင်သော လက်တွေ့ အတွေ့အကြုံ များကိုပြသသည့် သင်ကြားပို့ချမှုများသည် ကျောင်းသားများအတွက် ကြီးမားသော သင်ကြားရေး နည်းစနစ် ဖြစ်ကြောင်း ယုံမှားဖွယ် မရှိသည်မှာ သေချာပါသည်။
ဥပဒေပညာကျောင်းသားများ၏ ခွဲခြမ်းစိတ်ဖြာမှုစွမ်းရည်များအား မြှင့်တင်ခြင်း အပြင် ဥပဒေပညာ ကျောင်းသားများအတွက် အရည်အသွေး တိုးတက် မြင့်မား စေရန် ရည်ညွယ် ၍ ဥပ‌ဒေပညာမဟာဌာနသည် ၎င်းတို့၏ လူထုနှင့် ဆက်သွယ်ရေး စွမ်းရည်များ၊ ပုဂ္ဂိုလ်ရေး ဖွံ့ဖြိုးတိုးတက်မှုများ၊ ကျောင်းသားများ၏ ကိုယ်ရည်ကိုယ်သွေး အကဲဖြတ်မှုများ စသည့်တို့ကို တိုးတက်စေရန် သင်တန်းများကိုလည်း ဆောင်ရွက်ပေးလျှက်ရှိနေပါသည်။
အခြားသော နိုင်ငံများမှ ကျောင်းသားများ၏ လိုအပ်ချက်အမျိုးမျိုးကို အသိအမှတ်ပြုခြင်း ဖြင့် ၎င်းတို့အား အဆင်ပြေစေရန် တတ်နိုင်သမျှ နည်းလမ်းများဖြင့် ကူညီပေးရန်အတွက် လည်း အထူးသင်ကြားပို့ချမှုအစီအစဉ် (Mentorship Program) ကိုလည်း ဆောင်ရွက် နေပါသည်။

WEBSITE