ပါလာမို တက္ကသိုလ်/ (UNIPA) အီတလီ
ပါလာမို တက္ကသိုလ်/ (UNIPA) သည် ဆေးပညာ နှင့် ဥပဒေ ပညာရပ်တို့ကို သင်ကြားခဲ့သည့်အတွက် ၎င်း၏ အစောဆုံး အရင်းအမြစ်များက (၁၄၉၈) ခုနှစ်သို့ နောက်ပြန်ဆုတ် ထားသော်လည်း၊ တရားဝင်အားဖြင့် (၁၈၀၆) ခုနှစ်တွင် ထူထောင် ခဲ့ခြင်းဖြစ်သည်။ ပါလာမို တက္ကသိုလ်၏ ဥပဒေပညာသင်ကျောင်းသည် – (Dipartimento di Giurisprudenza (from now: Di.Gi)) ရှေးဟောင်း ဥပဒေပညာ မဟာဌာန၏ အမွေကို ဆက်ခံ သည့် တက္ကသိုလ်ဖြစ်သည်။ အဆိုပါ ပရိဝုဏ်တွင် အီတာလျံ နှင့် ဥရောပ နယ်ပယ်များအတွင်းရှိ ဩဇာအာဏာအကြီးဆုံး ဥပဒေပညာရှင် အများအပြား လာရောက် လေ့ကျင့်သင်ကြား ခဲ့ကြသည့် နေရာတစ်ခု ဖြစ်သည်။ နိုင်ငံတော် တက္ကသိုလ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် အဓိက ရည်မှန်းချက်များမှာ အောက်ပါ (၃) မျိုး ပင် ဖြစ်သည်။ (က) သုတေသန (ခ) ပညာရေး နှင့် (ဂ)အထူးပညာရပ် သင်ကြား သည့် ကျောင်းတော်၏ လူမှုနယ်ပယ် တာဝန်ရှိမှု ^ တာဝန်ခံမှု အတွက် စွမ်းဆောင်ရည်များကို အသိအမှတ် ပြုသည့် တတိယ ခံယူထားသည့် တာဝန် ဟုခေါ်တွင်သည့် တာဝန်တို့ ဖြစ်ကြသည်။ (The Di.Gi.) တက္ကသိုလ်သည် ဝန်ကြီးအဆင့် အစီအစဉ် “Departments of Excellence 2018-2022” အတွင်း နှစ်ပေါင်းများစွာ ထောက်ပံ့ငွေ ချီးမြှင့်ခံထားရ သည့် အီတလီတွင် ဥပဒေပညာသင်ကျောင်း အနည်းစု ထဲတွင် တစ်ကျောင်း အပါအဝင်ဖြစ်သည်။ ဤ ရလဒ်သည် ဥရောပ-မြေထဲပင်လယ် သုတေသန ဧရိယာအတွင်း အချက်အခြာ ကျသည့် အဆင့်အတန်း တစ်ခုတွင် ဌာနကို နေရာချထားရန် ရည်မှန်းသည့် စီမံကိန်း တစ်ခု၏ အရေးပါမှုကို အသိအမှတ်ပြုသည်။ (The Di. Gi.) သည် “နိုင်ငံတကာ လူဦးရေ ရွှေ့ပြောင်းခြင်း; ဥပဒေ နှင့် အများပြည်သူနှင့်ဆိုင်သည့် ပေါ်လစီ” နှင့်ပတ်သက်၍ မဟာအဆင့် သင်တန်း တစ်ခု တီထွင် ဖန်တီးရန် ပညာသင်ဆု ချီးမြှင့်သည့် ထောက်ပံ့ကြေးများ တွင် ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ထား သည်။ (Di. Gi.) သည် အစိုးရမဟုတ်သော အသင်းအဖွဲ့များနှင့် အခြား အရပ်ဘက် အဖွဲ့အစည်း ဇာတ်ကောင်များနှင့်အတူ တွဲဖက်၍ ဥပဒေဆိုင်ရာ ကျွမ်းကျင်သူများ၊ လူမှုရေး လုပ်သားများ နှင့် စိတ်ပါဝင် စားသည့် နိုင်ငံသားများ ( ဥပမာ- ရှေ့နေများ၊ ရာဇဝတ် တရားသူကြီးများ၊ အရပ်သား ဝန်ထမ်း များ) အတွက် ဘ၀ တစ်သက်တာ သင်ကြားနိုင်သည့် လုပ်ရှား မှု များကို လည်း စည်းရုံးဖွဲ့စည်းသည်။